Khit Thit Media
ရန်ကုန်၊ မေ ၃၀ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ လားဘုံးတောင်ရေဒါစခန်းအနီး တိုက်ပွဲပြင်းထန်နေပြီး Y-12 ဗုံးကျဲ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ ပြည်သူများ လေကြောင်းအန္တရာယ် သတိပြုနေထိုင်ကြရန် အသိပေးပြောဆိုလိုကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်မှ စတင်ပြီး လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် လားဘုံးတောင်ရေဒါစခန်းအနီး ရောက်ရှိလာစဉ် တော်လှန်ရေးတပ်များနှင့် ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး နောက်ကျန် စစ်ကူစစ်ကြောင်းများလည်း ထပ်မံရောက်ရှိနေကြောင်း သိရသည်။ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ပဒက်ကြီးရွာနှင့် လားဘုံးတောင်ရေဒါစခန်းအနီးကိုလည်း စစ်တပ်၏ Y-12 ဗုံးကျဲ လေယာဉ်များ ဆက်တိုက် […] The post လောင်းလုံးမြို့နယ်ရှိ လားဘုံးတောင်ရေဒါစခန်းအနီး တိုက်ပွဲပြင်းထန်နေပြီး Y-12 ဗုံးကျဲ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ ပြည်သူများ လေကြောင်းအန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေးတပ်က အသိပေး appeared first on Khit Thit Media .
Go to News Site