Khit Thit Media
ရန်ကုန်၊ မေ ၃၀ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သောင်းတန်ကျေးရွာတွင် AA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်လာမည့်အရေးကို ခုခံနိုင်ရန်အတွက် စစ်တပ်က အခိုင်အမာစစ်စခန်းတစ်ခုကို လာရောက်ဆောက်လုပ်နေပြီး၊ ဒေသခံပြည်သူများကိုလည်း အတင်းအဓမ္မ ပေါ်တာဆွဲကာ လုပ်အားပေးခိုင်းစေနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၆ ရက်နေ့မှစတင်ကာ စစ်တပ်က သောင်းတန်ကျေးရွာအတွင်းသို့ အင်အားအလုံးအရင်းဖြင့် ရုတ်တရက်ဝင်ရောက်လာပြီး အခြေစိုက်စခန်းဆောက်လုပ်ရန် ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ စခန်းဆောက်လုပ်ရန်အတွက် ၎င်းတို့သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းများနှင့် ဗုံးများကို ကျေးရွာရှိ ပြည်သူပိုင်လှည်းများဖြင့် အတင်းအဓမ္မ သယ်ယူခိုင်းနေသည်။ စစ်တပ်က ကျေးရွာအတွင်း ဘန်ကာများ ဆောက်လုပ်ခြင်း၊ မြေကျင်းများ တူးခြင်းတို့ကို ဒေသပြည်သူများကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေရုံမက လက်နက်ဗုံးများကို လှည်းဖြင့်သယ်ခိုင်းကြောင်း၊ တချို့သော လှည်းများတွင် နွားမရှိလျှင် နွားနေရာတွင် […] The post AA နှင့် တော်လှန်ရေးတပ်များ၏ ထိုးစစ်ကို ခုခံရန် သာပေါင်းမြို့နယ် သောင်းတန်ကျေးရွာတွင် စစ် တပ်က အခိုင်အမာစစ်စခန်းဆောက်လုပ်နေပြီး ဒေသပြည်သူများကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေနေ appeared first on Khit Thit Media .
Go to News Site