Khit Thit Media
ရန်ကုန်၊ မေ ၃၀ အကြမ်းဖက် မင်းအောင်လှိုင်ကို အိန္ဒိယသို့ ဖိတ်ကြားသည့် ခရီးစဉ်မှာ အိန္ဒိယအနေဖြင့် တရုတ်ကို တန်ပြန်ရန် ရည်ရွယ်ချက်ရှိပုံရပြီး နယ်စပ်လုံခြုံရေးနှင့် မြေရှားသတ္တုကိစ္စများ ဆွေးနွေးမည်ဖြစ် ကြောင်း ရိုက်တာသတင်းဌာန အပါအဝင် နိုင်ငံတကာသတင်းဌာနများက သုံးသပ်ရေးသားကြသည်။ အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတရာထူးကို အတင်းအကျပ်ရယူပြီး ၂ လ မပြည့်ခင်မှာပင် ပထမဆုံးသော ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး နိုင်ငံ တကာ၏ ဖယ်ကျဉ်မှု ခံနေရသော မင်းအောင်လှိုင်အတွက် ပထမဆုံးသော အရပ်သားပုံစံအဖြစ် ပြည်ပခရီးစဉ် ဖြစ်သည်။ အိန္ဒိယနိုင်ငံအတွက်မူ ယခုခရီးစဉ်သည် မြန်မာနိုင်ငံအပေါ် လွှမ်းမိုးထားသည့် တရုတ်နိုင်ငံ၏ ဩဇာအာဏာကို လျှော့ချရန်၊ အရေးပါသည့် မြေရှားသတ္တု (Rare Earths) များ ရရှိနိုင်ရေး ဆောင်ရွက်ရန်နှင့် […] The post အကြမ်းဖက် မင်းအောင်လှိုင်ကို ဖိတ်ကြားသည့် အိန္ဒိယခရီးစဉ် တရုတ်ကို တန်ပြန်ရန် ရည်ရွယ်ပုံရပြီး နယ်စပ်လုံခြုံရေးနှင့် မြေရှားသတ္တုကိစ္စများ ဆွေးနွေးမည်ဟုဆို appeared first on Khit Thit Media .
Go to News Site