Khit Thit Media
ရန်ကုန်၊ မေ ၃၀ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူများ လူစုလူဝေးမပြုလုပ်ရန်နှင့် ညမထွက်ရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မေလ ၃၀ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်သည်။ အကြမ်းဖက် စစ်ကောင်စီ၏ ထိုးစစ်ဆင်ခြင်းကို ခုခံတော်လှန်တိုက်ခိုက်နေသည့် ကာလအတွင်း ကန်ပက်လက်မြို့ပေါ်နေ ပြည်သူတစ်ချို့သည် နေအိမ်များစွန့်ခွာကာ လုံခြုံမည့်နေရာသို့ ပြောင်းရွေ့ သွားခြင်းကြောင့် လူမရှိသည့် နေအိမ်များတွင် မသမာသူလူတစ်စုမှ နေအိမ်များဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ ခိုးယူမှုများ ရှိနေကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ညစဉ် မိမိနေအိမ်နှင့် ပုန်းခိုကျင်းများတွင်သာ နေထိုင်ကြရန် ၊ ခွင့်ပြုချက်မရှိဘဲ အများပြည်သူနှင့်ဆိုင်သော နေရာများသို့သွားလာခြင်း ၊ လူစုလူဝေးပြုလုပ်ခြင်း မပြုလုပ်ရန်နှင့် ည ၉ နာရီအချိန်မှ […] The post ကန်ပက်လက်မြို့ကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူများ လူစုလူဝေးမပြုလုပ်ရန်နှင့် ညမထွက်ရန် အသိပေး appeared first on Khit Thit Media .
Go to News Site