Popular Journal
Credit to Popular Journal - အိမ်ဖြူတော်ကနေ ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကျန်းမာရေးအစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ပုံမှန်ဆေးစစ်မှုတွေ လုပ်အပြီးမှာတော့ သမ္မတဟာ “ထူးထူးခြားခြား ကျန်းမာရေးကောင်းမွန်နေတယ်” လို့ အစီရင်ခံစာမှာ အတည်ပြုဖော်ပြထားပါ။ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ သမ္မတထရန့်ဟာ ဒီတစ်ပတ်အစောပိုင်းတုန်းက ဝါရှင်တန်မြို့အနီးမှာရှိတဲ့ Walter Reed အမျိုးသားစစ်ဆေးရုံမှာ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့တာ ဖြစ်ပါတယ်။ အိမ်ဖြူတော်ဆရာဝန်ဖြစ်သူ အမေရိကန်ရေတပ် ဗိုလ်မှူးကြီး ရှောင်ဘာဘာဘဲလား(Sean Barbabella) ကလဲ သမ္မတဟာ သူ့ရဲ့တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ “အပြည့်အဝ ကြံ့ခိုင်မှုရှိနေဆဲပဲ” လို့ ပြောကြားခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်။ သုံးမျက်နှာပါတဲ့ မှတ်တမ်းလွှာထဲမှာ ဆရာဝန် ဘာဘာဘဲလားက သမ္မတရဲ့ နှလုံး၊ အဆုတ်နဲ့ အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်တွေဟာ အားကောင်းပြီး၊ နိုင်ငံတော်အကြီးအကဲအဖြစ်ရော စစ်သေနာပတိချုပ်အဖြစ်ပါ တာဝန်ထမ်းဆောင်ဖို့ ကြံ့ခိုင်မှုရှိနေတယ်လို့ […] The post သမ္မတထရန့်၏ ကျန်းမာရေး ထူးထူးခြားခြား ကောင်းမွန်နေကြောင်း အိမ်ဖြူတော် အတည်ပြု appeared first on Popular .
Go to News Site