Popular Journal
Credit to Popular Journal - ဒေသတွင်းထုတ်ကုန်များ၏ အရည်အသွေးမြင့်မားစေရန်နှင့် ဈေးကွက်ကျယ်ပြန့်စေရန် ချိတ်ဆက်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ကရင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို မေ ၃၀ ရက်၊ နံနက် ၈ နာရီတွင် ဘားအံမြို့ အမှတ် (၃) ရပ်ကွက်ရှိ မြို့မဘောလုံးကွင်း၌ ကျင်းပသည်။ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်မုခ်ဦးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ပြပွဲတွင် လုပ်ငန်းရှင် ၄၂ ဦး၏ စားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်း၊ စက်ပစ္စည်း၊ မြေဩဇာ၊ အဝတ်အထည်၊ လူသုံးကုန်၊ ကျောက်မျက်ရတနာ၊ ရော်ဘာထုတ်ကုန်ပစ္စည်း ဆိုင်ခန်းပေါင်း ၄၀ ကျော် ခင်းကျင်းပြသထားသည်။ ထို့နောက်မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီနှင့်ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် […] The post ကရင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော် ကျင်းပ appeared first on Popular .
Go to News Site