Khit Thit Media
ရန်ကုန်၊ မေ ၃၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ ယမ်းသိုလှောင်ရုံ မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြည်သူ ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနနှင့် SSPP တပ်ဖွဲ့တို့ထံမှ သိရသည်။ ယနေ့မေလ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်က နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် PSLF/ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သို လှောင်ထားသော ယမ်းပျော့များ မတော် တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒေသနေပြည်သူ ၂၀ ဦး ထက်မနည်း သေဆုံးမှုရှိပြီး ရာနှင့်ချီ ဒေသခံပြည်သူများ ထိခိုက်ရာရရှိကာ နေအိမ်အများအပြား လည်း ပျက်စီးခဲ့ကြောင်း သိရသည်။ ထိုသို့ […] The post နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ ယမ်းသိုလှောင်ရုံ မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြည်သူ ၂၀ ခန့် သေဆုံး appeared first on Khit Thit Media .
Go to News Site