Collector
ICRC ၏ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဝန်ဆောင်မှုရယူနိုင်သည့်နေရာများတွင် ဝန်ဆောင်မှုများ အခမဲ့ရယူနိုင် | Collector
ICRC ၏ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဝန်ဆောင်မှုရယူနိုင်သည့်နေရာများတွင် ဝန်ဆောင်မှုများ အခမဲ့ရယူနိုင်
Popular Journal

ICRC ၏ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဝန်ဆောင်မှုရယူနိုင်သည့်နေရာများတွင် ဝန်ဆောင်မှုများ အခမဲ့ရယူနိုင်

Credit to Popular Journal - မြန်မာနိုင်ငံတစ်ဝန်းတွင် အိုင်စီအာရ်စီအနေဖြင့် ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်ပြည်နယ်တို့အပြင် ရန်ကုန်၊ ပဲခူး၊ မကွေးတိုင်းဒေသကြီးတို့တွင်ရှိသည့် ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာန ၇ ခုကတဆင့် မသန်စွမ်းသူပေါင်း ထောင်ပေါင်းများစွာနှင့်အတူ လုပ်ငန်းဆောင်ရွက်နေကြောင်း သိရသည်။ အိုင်စီအာရ်စီ၏ မိတ်ဖက်များနှင့် စီမံခန့်ခွဲမှု လုပ်ငန်းဆောင်ရွက်နေသူများတွင် မသန်စွမ်းသူများကို အမှီခိုကင်းကင်းနှင့် ပြန်ပြီး လှုပ်ရှားသွားလာနိုင်စေရန် ခြေတုလက်တုများ၊ အထောက်အကူပြုပစ္စည်းများ၊ လမ်းလျှောက်အကူပစ္စည်းများ၊ ဘီးတပ်ကုလားထိုင်များ နှင့် အကြောအဆစ်လေ့ကျင့်ခန်းများကို ပံ့ပိုးနေကြောင်းလည်း ICRC က အသိပေးထားသည်။ ကိုယ်ကာယပြန်လည်သန်စွမ်းရေးအပြင်၊ မသန်စွမ်းသူများ အနေဖြင့် လူမှုအသိုင်းအဝိုင်းအတွင်းပါဝင်နိုင်မှုကို မြှင့်တင်ရန်အတွက် အသေးစားစီးပွားရေးလုပ်ငန်းများ အစပြုနိုင်ရန် အထောက်အပံ့၊ အသက်မွေးဝမ်းကျောင်းသင်တန်း ပံ့ပိုးမှုများအပြင် မသန်စွမ်းသူများနှင့် လိုက်လျောညီထွေရှိအောင်ပြင်ဆင်ထားသည့် အားကစားလှုပ်ရှားမှုများကတဆင့် စိတ်ရောကိုယ်ပါကြံ့ခိုင်သန်စွမ်းစေရန် အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ လိုအပ်ချက်များ အပေါ် မူတည်၍ ပေးအပ်သည့်ဝန်ဆောင်မှုများ […] The post ICRC ၏ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဝန်ဆောင်မှုရယူနိုင်သည့်နေရာများတွင် ဝန်ဆောင်မှုများ အခမဲ့ရယူနိုင် appeared first on Popular .

Go to News Site