Collector
သားဖြစ်သူ အောင်ပြည့်စုံ လုပ်ခွင့်ပေးထားသော ရတနာပုံမြို့သစ်စီမံကိန်းတွင် အိန္ဒိยလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် မင်းအောင်လှိုင် ဖိတ်ခေါ် | Collector
သားဖြစ်သူ အောင်ပြည့်စုံ လုပ်ခွင့်ပေးထားသော ရတနာပုံမြို့သစ်စီမံကိန်းတွင် အိန္ဒိยလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် မင်းအောင်လှိုင် ဖိတ်ခေါ်
Khit Thit Media

သားဖြစ်သူ အောင်ပြည့်စုံ လုပ်ခွင့်ပေးထားသော ရတနာပုံမြို့သစ်စီမံကိန်းတွင် အိန္ဒိยလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် မင်းအောင်လှိုင် ဖိတ်ခေါ်

ရန်ကုန်၊ ဇွန် ၁ သားဖြစ်သူ အောင်ပြည့်စုံအား လုပ်ကိုင်ခွင့်ပြုထားသည့် ရတနာပုံမြို့သစ်စီမံကိန်းတွင် အိန္ဒိယလုပ်ငန်း ရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့က အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် မင်းအောင်လှိုင်သည် အိန္ဒိယလုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ထည့်သွင်းဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် ဒီဂျစ်တယ်စနစ် (Digital Transformation) သို့ အသွင်ကူးပြောင်းရေးအတွက် “မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀” ကို ရေးဆွဲဖော်ဆောင်လျက်ရှိကြောင်း၊ ထို့အတူ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ မြေဧရိယာ ၁၀,၀၀၀ ဧကခန့်တွင် “ရတနာပုံဆိုက်ဘာစီတီး” (ရတနာပုံမြို့သစ်) စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိရာ၊ IT ကဏ္ဍတွင် အောင်မြင်ပြီးဖြစ်သည့် အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့် IT နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများ ရှိနေကြောင်း ဖိတ်ခေါ်ပြောဆိုသည်။ […] The post သားဖြစ်သူ အောင်ပြည့်စုံ လုပ်ခွင့်ပေးထားသော ရတနာပုံမြို့သစ်စီမံကိန်းတွင် အိန္ဒိยလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် မင်းအောင်လှိုင် ဖိတ်ခေါ် appeared first on Khit Thit Media .

Go to News Site