Khit Thit Media
ရန်ကုန်၊ ဇွန် ၁ မြန်မာနိုင်ငံထုတ် ကုန်ပစ္စည်းများထက် သာလွန်ပြီး အရည်အသွေးကောင်းမွန်သော သွင်းကုန်ပစ္စည်းများကို အကောင်းကြိုက်တိုင်း တင်သွင်းခွင့်မပြုနိုင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ယမန်နေ့ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း လုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများနှင့် တွေ့ဆုံရာတွင် ၎င်းက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။ မင်းအောင်လှိုင်က အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးတိုးမြှင့်လိုသော်လည်း မြန်မာနိုင်ငံအတွင်းသို့ သွင်းကုန်ပစ္စည်းများကို တင်သွင်းခွင့်ပြုရာတွင် သွင်းကုန်ပါမစ်နှင့် ခွင့်ပြုချက်များကို အရမ်းကာရော ပေး၍မရဘဲ၊ ပို့ကုန်တင်ပို့ထားသည့် ပမာဏပေါ်မူတည်၍သာ သွင်းကုန်များကို ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ၊မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းများထက် အရည်အသွေး ကောင်းမွန်သည့်တိုင်အောင် အကောင်းကြိုက်တိုင်း တင်သွင်းခွင့်မပြုနိုင်ကြောင်း ထည့်သွင်းပြောဆိုသည်။ “ကုန်သွယ်မှုနဲ့ ပတ်သက်လို့ လုပ်စေချင်ပါတယ်။ သွင်းကုန်နဲ့ပတ်သက်လို့ ငွေပေးချေတဲ့ကိစ္စတွေ ဒါတွေလည်း ကျနော်တို့လည်း ပို့ကုန်ပေါ် မူတည်ပြီးတော့ သွင်းကုန်တွေကို ခွင့်ပြုတာဖြစ်ပါတယ်။ အရမ်းတော့ […] The post မြန်မာနိုင်ငံထုတ် ကုန်ပစ္စည်းများ ထက်သာသော၊ အရည်အသွေးကောင်းသော သွင်းကုန်ပစ္စည်းများကို အကောင်းကြိုက်တိုင်း တင်သွင်းခွင့်မပြုနိုင်ဟု မင်းအောင်လှိုင်က အိန္ဒိယတွင် ထုတ်ပြော appeared first on Khit Thit Media .
Go to News Site