Popular Journal
Credit to Popular Journal - မိုးရာသီကာလရောက်သည်နှင့် ခရီးသွားများအကြား ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်တောင်ကို တောင်တက်ရောက်သူများပြားလာကြောင်း သိရသည်။ ထိုသို့များပြားလာသည်နှင့်အမျှ ကြုံတွေ့လာရသည်မှာလည်း အမှိုက်များ၊ ပလတ်စတစ်ဘူးများကို စနစ်တကျ စွန့်ပစ်ခြင်းမရှိဘဲ စည်းကမ်းမဲ့စွာ စွန့်ပစ်နေခြင်းဖြစ်သည်။ “ရေသန့်ဘူးခွံတွေ၊ အချိုရည်ဘူးတွေ၊ ပလတ်စတစ်အိတ်တွေ၊ စားပြီးသား အမှိုက်တွေ ဒီတခေါက်သွားခဲ့တာ ပုံနေတာတွေ့ခဲ့ပါတယ်၊ မြင်သလောက်တော့ ကောက်ခဲ့တယ်” ဟု တောင်တက်သူတစ်ဦးက ရေးသားမျှဝေထားသည်။ မိုးရာသီ၌ ကရင်ပြည်နယ်၊ ဘားအံဒေသသည် ခရီးသွားများအကြား လာရောက်လည်ပတ်မှု များပြားသည့် ဒေသတခုဖြစ်သည်။ သို့သော် စွန့်ပစ်အမှိုက်ပြဿနာနှင့် ပက်သက်၍ နှစ်စဉ် ဖြေရှင်းနေရဆဲ ဖြစ်သည်။ ခရီးသွားများ၊ အထူးသဖြင့် ဇွဲကပင်တောင်တက်သူများအနေဖြင့် အမှိုက်များ၊ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်စေမည်ကို သတိပြုစေလိုကြောင်း ခရီးသွားများက ဆိုသည်။ Photo Credit. Saw Tharr Win The post ဇွဲကပင်တောင်သို့ တောင်တက်သူများအနေဖြင့် စည်းကမ်းရှိစွာ အမှိုက်စွန့်ပစ်ရန် လိုအပ်နေ appeared first on Popular .
Go to News Site