Collector
နှစ် ၁၀၀ သက်တမ်းအထက်ရှိ အဆောက်အအုံ ၃၈၂ လုံးကို ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံဖြစ် သတ်မှတ်ထား | Collector
နှစ် ၁၀၀ သက်တမ်းအထက်ရှိ အဆောက်အအုံ ၃၈၂ လုံးကို ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံဖြစ် သတ်မှတ်ထား
Popular Journal

နှစ် ၁၀၀ သက်တမ်းအထက်ရှိ အဆောက်အအုံ ၃၈၂ လုံးကို ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံဖြစ် သတ်မှတ်ထား

Credit to Popular Journal - မြန်မာနိုင်ငံတွင် နှစ်၁၀၀ သက်တမ်းအထက်ရှိ အဆောက်အအုံပေါင်း ၃၈၂ လုံးကို ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အုံများအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ရှိ ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံ ငါးခုကို ကမ္မည်းကြေးပြားတပ်ဆပ်ပြီးနောက် စုစုပေါင်း ၃၈၂ လုံးအထိရှိလာခဲ့ခြင်းလည်း ဖြစ်သည်။ သန့်ရှင်းသူအပေါင်းခရစ်ယာန် ဘုရားကျောင်း၊ နန်းမြိုင်၊ ဂန္ဓာမာမြိုင်၊ ယုဇနမြိုင်နှင့် ရွှေနုလုံးတော် ကာသိုလိပ်ဘုရားရှိခိုးကျောင်းတို့ကို သတ်မှတ်ခဲ့ခြင်းလည်းဖြစ်ပြီး အဆိုပါ အခမ်းအနားကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ “မန္တလေးတိုင်းအတွက် ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံ ၁၁၅ လုံးကို သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း” လည်း ဒုတိယဝန်ကြီး ဦးအေးထွန်း ကပြောကြားခဲ့သည်။ ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံ သတ်မှတ်သည့်အခါ […] The post နှစ် ၁၀၀ သက်တမ်းအထက်ရှိ အဆောက်အအုံ ၃၈၂ လုံးကို ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံဖြစ် သတ်မှတ်ထား appeared first on Popular .

Go to News Site