Popular Journal
Credit to Popular Journal - မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား သတင်းနှင့် မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက်ဆွေးနွေးပွဲကို မေ ၂၈ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း အဆောက်အဦ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ပုံရိပ်ကို နိုင်ငံတကာသို့မှန်ကန်စွာထင်ဟပ်တင်ပြနိုင်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်းကြားသာမက မီဒီယာကဏ္ဍအချင်းချင်းကြားတွင်ပါ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပြည်သူ့သံခင်းတမန်ခင်းနှင့် အများပြည်သူဆိုင်ရာ သတင်းမီဒီယာတင်ဆက်မှုကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နောက်ဆုံးပေါ် နည်းပညာများအသုံးပြု၍ ဖန်တီးဖြန့်ဝေနေသော သတင်းတု၊ သတင်းမှားများတို-က်ဖျ-က်ရေးကိုလည်းအလေးထားဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ Information and Press Department မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့သည် မေ ၂၉ ရက်တွင် မြန်မာသတင်းမီဒီယာကောင်စီမှတာဝန်ရှိသူများ၊ မီဒီယာကဏ္ဍမှကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ The post မြန်မာ-ရုရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား သတင်းနှင့် မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မည် appeared first on Popular .
Go to News Site