Popular Journal
Credit to Popular Journal - ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်မည့် AYA Tri Nation Cup 2026 ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးကြမည့် ပွဲကြည့်ပရိသတ်များ ပွဲအပြီး ညဘက်အိမ်အပြန်ခရီးတွင် သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် အထူးအစီအစဉ်အဖြစ် YBS မော်တော်ယာဉ် (၂၅) စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘောလုံးပွဲအပြီး ည (၇) နာရီခွဲအချိန်တွင် မော်တော်ယာဉ်များ စတင်ထွက်ခွာပေးမည်ဖြစ်ကာ မိမိတို့စီးနင်းလိုသည့် လမ်းကြောင်းအလိုက် သတ်မှတ်ထားသော ဂိတ်ပေါက်များအနီးတွင် အလွယ်တကူ စီးနင်းနိုင်ရန် စီစဉ်ထားရှိကြောင်း အသိပေးထားသည်။ ပြေးဆွဲပေးရာတွင် လမ်းကြောင်းအုပ်စု (၅) စုခွဲ၍ ယာဉ်လိုင်းတစ်စုလျှင် (၅) စီးစီဖြင့် စုစုပေါင်း ယာဉ်အစီးရေ (၂၅) စီး ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ပြေးဆွဲမည့် လမ်းကြောင်းများမှာ အုပ် စု-၁ အဖြစ် ဘောလုံးကွင်း–သာကေတ– ကျောက်တိုင်–ဆူးလေ၊ […] The post AYA Tri Nation Cup 2026 ပြိုင်ပွဲအပြီး ပွဲကြည့်ပရိသတ်များ ညအိမ်အပြန်အဆင်ပြေစေရန် YBS ယာဉ် (၂၅) စီး ပြေးဆွဲပေးမည် appeared first on Popular .
Go to News Site