Popular Journal
Credit to Popular Journal - ဂုတ်ထိပ် တံတားကြီး၏ ရှုခင်းကြည့်ရထားခရီးစဉ်အား ခရီးသွားများ ပိုမိုသိရှိနိုင်ရန်၊ ဧည့်သည်များပိုမိုလာရောက်လည်ပတ်နိုင်ရန် ဖြစ်နိုင်သမျှ ဘက်ပေါင်းစုံ/နည်းလမ်း ပေါင်းစုံဖြင့်ကြော်ငြာပေးရန် လိုအပ်ကြောင်း ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး က ပြောသည်။ ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခြင်း ဖြစ်သည်။ ထို့အပြင် ခရီးစဉ်တစ်လျှောက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် အမှိုက်ကင်းစင် နေရာတစ်ခုဖြစ်အောင်ဆောင်ရွက်ကြပြီး ရထားလမ်းကြံ့ခိုင်မှုရှိမရှိ အစဉ်အမြဲစစ်ဆေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းအောင်ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ နှစ်ပေါင်း (၁၂၀) ကျော် သက်တမ်းရှိပြီဖြစ်သော သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲကြား၊ မန္တလေး-လားရှိး ရထားလမ်းပေါ်ရှိနောင်ချိုဘူတာအလွန် ခုနစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။ ဂုတ်ထိပ်တံတားကြီးသည် အခြားရထားလမ်းများတွင် အသုံးပြုသော တံတားများကဲ့သို မြစ်ချောင်းများကိုဖြတ်ကျော်တည်ဆောက်ထားခြင်းမျိုးမဟုတ်ဘဲ မီးရထားမိုင်တိုင်အမှတ် (၄၆၃/၀-၉) တွင်ရှိသော ကျောက်ဂူကြီးအပေါ်သိုဖြတ်၍ […] The post ဂုတ်ထိပ် တံတားကြီး၏ ရှုခင်းကြည့်ရထားခရီးစဉ်အား ခရီးသွားများ ပိုမိုသိရှိနိုင်ရန် ဆောင်ရွက်စေလိုကြောင်း ဒုဝန်ကြီး ပြော appeared first on Popular .
Go to News Site