Collector
ခင်ဦးမြို့နယ်၊ ရှေးဟောင်း ရွှေလင်းပင် ဘုန်းကြီးကျောင်းနှင့်စေတီကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အဘိုးနှင့်အဘွား ၂ ဦးသေဆုံးပြီး ဘုရားပုထိုးစေတီနှင့် ကျောင်းဆောင်များ ပျက်စီး | Collector
ခင်ဦးမြို့နယ်၊ ရှေးဟောင်း ရွှေလင်းပင် ဘုန်းကြီးကျောင်းနှင့်စေတီကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အဘိုးနှင့်အဘွား ၂ ဦးသေဆုံးပြီး ဘုရားပုထိုးစေတီနှင့် ကျောင်းဆောင်များ ပျက်စီး
Khit Thit Media

ခင်ဦးမြို့နယ်၊ ရှေးဟောင်း ရွှေလင်းပင် ဘုန်းကြီးကျောင်းနှင့်စေတီကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အဘိုးနှင့်အဘွား ၂ ဦးသေဆုံးပြီး ဘုရားပုထိုးစေတီနှင့် ကျောင်းဆောင်များ ပျက်စီး

ရန်ကုန်၊ ဇွန် ၂ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်းဆီပုတ္တရာမြို့ဟောင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း ဝေယျာဝေစ္စလုပ်ကိုင်နေသည့် သက်ကြီးရွယ်အို ၂ ဦး သေဆုံးပြီး ရှေးဟောင်းသာသနိကအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ခင်ဦးမြို့နယ်၊ ရှေးဟောင်းဆီပုတ္တရာမြို့ဟောင်းရှိ ရွှေလင်းပင်စံကျောင်းသို့ ရွှေဘိုလေ့ကျင့်ရေး ၈ မှ အသေခံဒရုန်း ၄ စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်၏ ဒရုန်းဗုံးများက ရွှေလင်းပင်စံကျောင်းရှိ ဆွမ်းစားကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေ့ဆွမ်းကပ်ပြီးနောက် သန့်ရှင်းရေးလုပ်ကိုင်နေသည့် အသက် ၇၀ နှစ်ခန့် အဘိုးတစ်ဦးနှင့် အသက် ၆၀ ကျော်ခန့် […] The post ခင်ဦးမြို့နယ်၊ ရှေးဟောင်း ရွှေလင်းပင် ဘုန်းကြီးကျောင်းနှင့်စေတီကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အဘိုးနှင့်အဘွား ၂ ဦးသေဆုံးပြီး ဘုရားပုထိုးစေတီနှင့် ကျောင်းဆောင်များ ပျက်စီး appeared first on Khit Thit Media .

Go to News Site