Collector
ကားစျေးနှုန်းမြင့်တက်မှုနှင့် အခွန်စံနှုန်းကွာဟမှုအပေါ် ထိန်းကြပ်မည့်အစီအစဥ်ရှိမရှိ လွှတ်တော်တွင် မေးခွန်းထုတ် | Collector
ကားစျေးနှုန်းမြင့်တက်မှုနှင့် အခွန်စံနှုန်းကွာဟမှုအပေါ် ထိန်းကြပ်မည့်အစီအစဥ်ရှိမရှိ လွှတ်တော်တွင် မေးခွန်းထုတ်
Popular Journal

ကားစျေးနှုန်းမြင့်တက်မှုနှင့် အခွန်စံနှုန်းကွာဟမှုအပေါ် ထိန်းကြပ်မည့်အစီအစဥ်ရှိမရှိ လွှတ်တော်တွင် မေးခွန်းထုတ်

Credit to Popular Journal - လက်ရှိ မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးဈေးကွက်အတွင်း မော်တော်ကားများကို ပြည်တွင်းအခွန်ဦးစီးဌာနက သတ်မှတ်ထားသော စည်းကြပ်ခွန် စံနှုန်းတန်ဖိုးများထက် အဆမတန်မြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းဝယ်နေခြင်းများအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် စီမံကြပ်မတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိကို တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော်ငြိမ်းအောင်က တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့တွင် မေးမြန်းခဲ့သည်။ ဦးကျော်ငြိမ်းအောင်က ပြည်တွင်းအခွန်ဦးစီးဌာန၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ထုတ် မော်တော်ကားစည်းကြပ်ခွန်စာရင်းဇယားအရ Toyota Mark II Saloon 2000 CC 2004 မော်ဒယ်ကားတစ်စီးကို ကျပ်သိန်း ၄၀၀ ဖြင့် အခွန်စည်းကြပ်ထားသော်လည်း လက်ရှိပြင်ပဈေးကွက်တွင် အဆိုပါကားအမျိုးအစားမှာ ကျပ်သိန်း ၉၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း ထောက်ပြပြောကြားခဲ့သည်။ ထိုသို့ ကားဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် အိမ်သုံးနှင့် လုပ်ငန်းသုံး မော်တော်ယာဉ်များ ဝယ်ယူအသုံးပြုရာတွင် […] The post ကားစျေးနှုန်းမြင့်တက်မှုနှင့် အခွန်စံနှုန်းကွာဟမှုအပေါ် ထိန်းကြပ်မည့်အစီအစဥ်ရှိမရှိ လွှတ်တော်တွင် မေးခွန်းထုတ် appeared first on Popular .

Go to News Site