Collector
ဂျာမန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ၂၀၂၆ ခုနှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးကူညီထား | Collector
ဂျာမန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ၂၀၂၆ ခုနှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးကူညီထား
Popular Journal

ဂျာမန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ၂၀၂၆ ခုနှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးကူညီထား

Credit to Popular Journal - ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ အီနာ ဟွိုက်စ်ဂန် (Dr. Ina Heusgen) သည် ပြီးခဲ့သည့် မေလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေသခံပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို မြေပြင်အထိ ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။ ယခု ၂၀၂၆ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေ (Myanmar Humanitarian Fund) တစ်ခုတည်းကိုပင် ဂျာမနီနိုင်ငံ၏ ထည့်ဝင်ပံ့ပိုးမှုသည် အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ရှိခဲ့ပြီဖြစ်ကာ နောင်တွင်လည်း ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး က အသိပေးထုတ်ပြန်ထားသည်။ ထို့အပြင် မြေပြင်တွင် မနားမနေ ကြိုးပမ်းအားထုတ်နေကြသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သားများအားလုံးကိုလည်း အထူးလေးစား ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။ ဂျာမနီနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများမှတဆင့် […] The post ဂျာမန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ၂၀၂၆ ခုနှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးကူညီထား appeared first on Popular .

Go to News Site