Popular Journal
Credit to Popular Journal - ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ထိုင်းဘုရင့်အမိန့်နဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားတဲ့အတွက် ကျန်ရှိနေတဲ့ ထောင်ဒဏ်ကာလတွေ ပျက်ပြယ် လွတ်မြောက်တော့မယ်လို့ ထိုင်းတရားရေးဝန်ကြီးက ဇွန်လ ၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သက်ဆင်ဟာ ထောင်ဒဏ် ၈ လ ကျခံပြီးနောက် ပြီးခဲ့တဲ့ မေလတုန်းကမှ ခံဝန်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ သူ့ရဲ့ တစ်နှစ်ထောင်ဒဏ်က လာမယ့် စက်တင်ဘာလကျမှ ကုန်ဆုံးမှာဖြစ်လို့ အခုဆိုရင် ထောင်ဒဏ် ၃ လကျော်ပဲ ကျန်ပါတော့တယ်။ ဇွန်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ မိဖုရား သုသီတာရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဘုရင် မဟာဝိဇီရာလောင်ကွန်းက ရွေးချယ်ထားတဲ့ အကျဉ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ ဇွန်လ ၂ ရက်နေ့ ညပိုင်းက ထုတ်ပြန်တဲ့ တရားဝင် တော်ဝင်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။ […] The post ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဘုရင့်လွတ်ငြိမ်းခွင့်ရရှိ appeared first on Popular .
Go to News Site