Khit Thit Media
ရန်ကုန်၊ ဇွန် ၃ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ်တွင် ဗိုလ်ကြီးသက်နိုင်ဦးက ကားသမားများထံမှ အဆမတန်အခွန်ကောက်ခံ၍ ငွေညှစ်နေပြီး လူငယ်များကိုလည်း ပေါ်တာဆွဲဖမ်းဆီးကာ ငွေကျပ် သိန်း ၁၅၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလနှင့် မေလ အတွင်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀၇ တပ်မှ ဗိုလ်ကြီး သက်နိုင်ဦး (ခ) ဗိုလ်စိုး ဆိုသူသည် ဂိတ်ရာထူးနေရာရရှိရေးအတွင် အထက် အရာရှိကြီးများကို ငွေကျပ်သိန်း ၅၀၀ လာဘ်ပေးကာ ဝယ်ယူခဲ့ကြောင်း သိရသည်။ ထို့နောက် ဗိုလ်ကြီး သက်နိုင်ဦး (ခ) ဗိုလ်စိုး မုပ္ပလင်လမ်းဆုံဂိတ်တွင် တာဝန်ယူချိန်မှ စတင်ပြီး လက်ရှိချိန်ထိ လမ်းသွားလမ်းလာပြည်သူများ၊ ကားသမားများနှင့် […] The post ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံဂိတ်တွင် ဗိုလ်ကြီးသက်နိုင်ဦးက ကားသမားများထံမှ အဆမတန်အခွန်ကောက်ခံ၍ ငွေညှစ်နေပြီး လူငယ်များကိုလည်း ပေါ်တာဆွဲဖမ်းဆီးကာ ငွေကျပ် သိန်း ၁၅၀ ဖြင့် ပြန်ရွေးခိုင်း appeared first on Khit Thit Media .
Go to News Site