Collector
အမေရိကန်၌ ပြုလုပ်သည့် ဆွေးနွေးပွဲများအတွင်း လက်ဘနွန်နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီ | Collector
အမေရိကန်၌ ပြုလုပ်သည့် ဆွေးနွေးပွဲများအတွင်း လက်ဘနွန်နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီ
Popular Journal

အမေရိကန်၌ ပြုလုပ်သည့် ဆွေးနွေးပွဲများအတွင်း လက်ဘနွန်နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီ

Credit to Popular Journal - အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ပူးတွဲထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် လက်ဘနွန်နှင့် အစ္စရေး ညှိနှိုင်းရေးမှူးများသည် ဇွန်လ ၂ ရက်နှင့် ၃ ရက်တို့တွင် ဝါရှင်တန်ဒီစီ၌ တွေ့ဆုံခဲ့ကြကြောင်း ဖော်ပြထားသည်။ “အမေရိကန်က ဦးဆောင်သည့် ညှိနှိုင်းမှုများ၏ ရလဒ်အနေဖြင့် အစ္စရေးနှင့် လက်ဘနွန်တို့သည် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီခဲ့ကြသည်။ သို့သော် အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်ခတ်မှုများ လုံးဝရပ်တန့်ရေးနှင့် လီတာနီတောင်ပိုင်းဒေသ(South Litani Sector) မှ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ဝင်များအားလုံး ဆုတ်ခွာပေးရေးဟူသော အချက်များအပေါ်တွင် မူတည်နေသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ The post အမေရိကန်၌ ပြုလုပ်သည့် ဆွေးနွေးပွဲများအတွင်း လက်ဘနွန်နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီ appeared first on Popular .

Go to News Site