Popular Journal
Credit to Popular Journal - ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ၌ သွားနှင့်ခံတွင်းရောဂါအထူးကုဌာနကို ဇွန် ၃ ရက်မှစတင်ကာဖွင့်လှစ်၍ ကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ စတင်ဖွင့်လှစ်နေ့၌ လာရောက်ကုသမှုခံယူသည့် သံ ဃာတော်များအား ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက အံကပ်များတပ်ဆင်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ တာဝန်ရှိသူများက အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ရှိ သွားနှင့် ခံတွင်းရောဂါ အထူးကုဌာနအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ The post အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ၌ သွားနှင့်ခံတွင်းရောဂါအထူးကုဌာန စတင်ဖွင့်လှစ် appeared first on Popular .
Go to News Site