Popular Journal
Credit to Popular Journal - မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်အဆင့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြသည်။ မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်၊ သင်္ဘောဆိပ်ဟောင်း၌ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကာ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သထုံခရိုင်/ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ယင်းသို့ ဆောင်ရွက်ရာ၌ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မုန်တိုင်းဘေးအန္တရာယ် ခံစားရသူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ ရေပြင်အသက်ကယ်ဆယ်ခြင်း၊ ထိခိုက်သူများအား ရှေးဦးပြုစုပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မိမိတို့၏ ဘေးကင်းလုံခြုံရေးသတိပြုခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ အသုံးပြုခြင်း စသည်တို့ကို သရုပ်ပြသ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ The post ပေါင်မြို့နယ်၌ ခရိုင်အဆင့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက် appeared first on Popular .
Go to News Site