Collector
(၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့်အ ရာရှိကြီးများအစည်းအဝေးအား MOFA ကတက်ရောက်ဆွေးနွေး | Collector
(၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့်အ ရာရှိကြီးများအစည်းအဝေးအား MOFA ကတက်ရောက်ဆွေးနွေး
Popular Journal

(၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့်အ ရာရှိကြီးများအစည်းအဝေးအား MOFA ကတက်ရောက်ဆွေးနွေး

Credit to Popular Journal - အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေး မှူးချုပ်ရုံး၌ (၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အ ဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ဇွန် ၃ ရက်ကကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ထိုသို့ တက်ရောက်ပြီးနောက် အာဆီယံနှင့် အမေရိကန်နိုင်ငံတို့၏ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ-အမေရိကန်ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ အနာဂတ်တွင်ဆက်လက်ပူး ပေါင်းဆောင်ရွက်ရမည်များကို ပါဝင်ဆွေးနွေးခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးများအပေါ် အမြင်ချင်းဖလှယ်ခြင်း၊ (၅၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်ကျင်းပမည့် အာဆီယံ-အမေရိကန် ဝန်ကြီးအဆင့်အ စည်းအဝေး၊ (၄၉)ကြိမ်မြောက် အာဆီယံထိပ်သီးအ စည်းအဝေးနှင့် ဆက်စပ်ကျင်းပမည့် (၁၄)ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအဆင့်အစည်းအဝေး ကျင်းပနိုင်ရေးပြင်ဆင်နေမှုများကိုလည်း ပါဝင်ဆွေးနွေးခဲ့သည်။ The post (၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့်အ ရာရှိကြီးများအစည်းအဝေးအား MOFA ကတက်ရောက်ဆွေးနွေး appeared first on Popular .

Go to News Site