Popular Journal
Credit to Popular Journal - ” မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင် မာဖို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည် ထောင်စုတည်ဆောက်ဖို့ရည်မှန်းချက်အတိုင်းမယိမ်းမယိုင်လုပ်သွားမယ်ဆိုတာကို ကမ္ဘာကိုပြောလိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ဦးမင်းအောင်လှိုင်ပြော ” မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံသားတွေမျှော်မှန်းတဲ့လမ်း ကြောင်းပေါ်မှာ မှန်မှန်ကန်ကန်နဲ့လျှောက်လှမ်းနေပါပြီ” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံ DD India သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုပြုလုပ်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ” မြန်မာနိုင်ငံက ကမ္ဘာနဲ့လက်တွဲပြီးလုပ်ဖို့လည်း အဆင်သင့်ရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်း လဲဆောင်ရွက်မှုတွေအပေါ်မှာ မြန်မာနိုင်ငံကိုလာပြီးလေ့လာကြည့်စေလိုတယ်။ ဖြစ်ပျက်နေတဲ့အခြေအနေတွေကိုလာပြီးကြည့်စေလိုတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ” မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာနှစ်ခုရှိပါတယ်။ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ဖို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည် ဆောက်ဖို့ရည်မှန်းချက်အတိုင်းလုပ်ဆောင်နေပါတယ်။ ဒါကိုမယိမ်းမယိုင်နဲ့လုပ်သွားမယ်ဆိုတာကို ကမ္ဘာကိုပြောလိုပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ” မြန်မာနိုင်ငံကို ကမ္ဘာကလာပြီးကြည့်စေလိုတယ်။ ပူး ပေါင်းဆောင်ရွက်စေလိုတယ်။ မြန်မာနိုင်ငံဟာ […] The post “ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို မယိမ်းမယိုင် ဆက်လက်အကောင်အထည်ဖော်ပြီး ကမ္ဘာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိ”ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား appeared first on Popular .
Go to News Site