Popular Journal
Credit to Popular Journal - ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်များကို ပြည်သူများအနေဖြင့် Viber မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးထုတ်ပြန်ထားသည်။ တိုင်ကြားလိုသူများအနေဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်) ၏ Online Complaint Centre (OCC) သို့ Viber ဖုန်းနံပါတ် ၀၉-၇၇၇၄၃၆၂၃၂ မှတစ်ဆင့် ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။ တိုင်ကြားရာတွင် ဖြစ်ပွားသည့် နေ့ရက်၊ အချိန်၊ နေရာ၊ ယာဉ်နံပါတ်နှင့် ပြစ်မှုထင်ရှားစေမည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုမှတ်တမ်းများကို ပူးတွဲပေးပို့ရန် လိုအပ်ကြောင်းလည်း အသိပေးထားသည်။ Viber မှတစ်ဆင့် တိုင်ကြားလာသည့် အမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မော်တော်ယာဉ်သက်တမ်းတိုးဆောင်ရွက်ရာတွင် လိုအပ်သည့် “ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်” […] The post ရန်ကုန်တွင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို Viber မှတစ်ဆင့် တိုင်ကြားနိုင် appeared first on Popular .
Go to News Site