Khit Thit Media
ရန်ကုန်၊ ဇွန် ၄ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ဆက်လက်ထိတွေ့ ပူးပေါင်းဆောင် ရွက် သွားမည်ဖြစ်ပြီး၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုကို တရားဝင်အစိုးရ အဖြစ် အသိအမှတ်မပြုကြရန် တိုက်တွန်းလိုက်သည်။ ဇွန်လ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာတွင် APHR က ထိုသို့ထည့်သွင်းတိုက်တွန်းလိုက်ခြင်းဖြစ်သည်။ APHR အနေဖြင့် တိုင်းရင်းသားလူမျိုးစုအသိုင်းအဝိုင်းများ၊ အမျိုးသမီးခေါင်းဆောင်များနှင့် အရပ်ဘက်လူ့ အဖွဲ့အစည်းများ၏ အသံများကို မြှင့်တင်ပေးလျက် အောက်ခြေမှအထက်သို့ တည်ဆောက်သော ဖက်ဒရယ်စနစ်ကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့သောကြောင့် SCEF နှင့် ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ထောက်ခံအားပေးသွားမည်ဟု ကတိပြုထားသည်။ ထို့ပြင် […] The post ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ- SCEF နှင့် ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံလွှတ်တော်အမတ်များအဖွဲ့က ကြေညာ appeared first on Khit Thit Media .
Go to News Site