Khit Thit Media
ရန်ကုန်၊ ဇွန် ၄ မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ်ရှိ ဂျီထရာမြို့ (Jitra) တိုးဂိတ်အနီး အဝေးပြေးလမ်းဘေးတစ်နေရာတွင် တရားမဝင် ခိုးဝင်လာသော မြန်မာအလုပ်သမား ၇ ဦးကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၄ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထောက်လှမ်းရေးနှင့် အထူးစစ်ဆင်ရေးဌာနခွဲမှ အာဏာပိုင်များသည် တရားမဝင်နိုင်ငံခြားသားများကိုတွေ့ရှိကြောင်း ကြိုတင်သတင်းပေးချက်အရ ကဒါးပြည်နယ်၊ ဂျီထရာမြို့ အဝင်တိုးဂိတ် မြောက်ဘက် အနီးရှိ အဝေးပြေးလမ်းမဘေးကို သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးစဉ်အတွင်း မည်သည့်ခရီးသွားလာခွင့် အထောက် အထားနှင့် တရားဝင်ပါမစ်တစ်ခုမှ ပြသနိုင်ခြင်းမရှိ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦးကို စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ မလေးရှားအာဏာပိုင်များ၏ စစ်ဆေးမေးမြန်းချက်အရ […] The post မလေးရှားနိုင်ငံတွင် တရားမဝင် ခိုးဝင်လာသော မြန်မာလူငယ် ၇ ဦးကို မလေးရှားအာဏာပိုင်များက ဖမ်း ဆီး၊ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်ရသော လူငယ်များ အစုလိုက်အပြုံလိုက် မလေးရှားသို့ တရားမဝင် ခိုးဝင်နေ appeared first on Khit Thit Media .
Go to News Site