Khit Thit Media
ရန်ကုန်၊ ဇွန် ၄ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူများနှင့် တိုင်းရင်းသားအင်အားစုများတွင် တရားဝင်မှုနှင့် စွမ်းဆောင်နိုင်မှု အပြည့်အဝရှိကြသော်လည်း စုစည်းမှုယန္တရား လိုအပ်ချက်ရှိနေခြင်းကြောင့် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများရရှိရန် ခက်ခဲနေပြီး ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာ ဆာဆာ ဦးဆောင်သော IPFD အဖွဲ့က ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ လွန်ခဲ့သော လများအတွင်း ဒေါက်တာ ဆာဆာ (Dr. Sasa) နှင့် IPFD အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးပါသော အစည်းအဝေးများ၊ ရှင်းလင်းတင်ပြမှုများနှင့် တိုင်ပင်ဆွေးနွေးမှုများကို အရှိန်အဟုန်မပျက် ဆက်တိုက်ဖော်ဆောင်ခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်အထက်လွှတ်တော်အမတ်များနှင့် လွှတ်တော်ရုံးများ၊ ဗြိတိန်ပါလီမန်အမတ်များနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့များ၊ ကိုးကွယ်ယုံကြည်မှုလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်နှင့် ဘာသာရေးခေါင်းဆောင်များ၊ ပြည်ပရောက် မြန်မာလူထုအသိုင်းအဝိုင်းများ၊ ပြည်တွင်းနိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ၊ လူသားချင်းစာနာမှုနှင့် […] The post မြန်မာ့နွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာ ပံ့ပိုးကူညီမှု ရရှိရေး ဆောင်ရွက်မည်ဟု ဒေါက်တာ ဆာဆာ ဦးဆောင်သော IPFD အဖွဲ့က ထုတ်ပြန် appeared first on Khit Thit Media .
Go to News Site