Popular Journal
Credit to Popular Journal - နိုင်ငံတော်အစိုးရနှင့်အတူလက်တွဲပြီး ပြည်ထောင်စုအဝန်းအဝိုင်းအတွင်း အေးအတူပူအမျှနေထိုင်ရေးကိုဆွေးနွေး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ဧပြီ ၂၁ ရက်ကကမ်းလှမ်းဖိတ်ခေါ်ထားမှုအရ ငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့တို့ ဇွန် ၄ ရက်ကတွေ့ဆုံဆွေး နွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့သည် ဒေသတည်ငြိမ်ရေးကို တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်နေပြီး ဒေသနေပြည်သူများ၏ လုံခြုံရေးကိုဆောင်ရွက်နေခြင်းကိုသိရသည်ဟု ပြောသည်။ ထို့ပြင် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့အနေဖြင့် နိုင်ငံရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်လုပ်ဆောင်မည်များကို ပွင့်ပွင့်လင်းလင်းဆွေး နွေးပေးစေလိုကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို နှစ်ဖက်ညှိနှိုင်းပြီးလိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထို့အတူ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ ဒု- ဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်က ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကာ ဆက်လက်၍ နယ်မြေဖွံ့ဖြိုးရေးအတွက်လည်း တပ်မတော်နှင့်အတူပူးပေါင်းပါဝင်မည်ဟု ပြောသည်။ ထို့နောက် နှစ်ဖက်အဖွဲ့ဝင်များသည် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် […] The post ငြိမ်းချမ်းရေးအတွက် ပထမဆုံးလာရောက်ဆွေးနွေးသည့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ appeared first on Popular .
Go to News Site