Popular Journal
Credit to Popular Journal - ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ထုတ်ယူသယ်ဆောင်ရာ၌ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် ငွေမတရားတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဇွန် ၅ ရက်တွင် ထုတ်ပြန်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၁ ရက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပရဟိတအသင်းအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း ၅၅ ဦးခန့် တက်ရောက်သည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ရုပ်အလောင်းတင်ယာဉ်နှင့် လူနာတင်ယာဉ်များကို အခမဲ့ သို့မဟုတ် သင့်တင့်မျှတသောနှုန်းထားဖြင့် ပို့ဆောင်ပေးနိုင်မည့် ပရဟိတအသင်းများ၏ အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ဆေးရုံအတွင်း ထင်ရှားစွာ အသိပေးဖော်ပြထားနိုင်ရေး ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဆေးရုံဝင်ပေါက်အနီး၌ ပြင်ပ Ambulance ယာဉ်များ အကြောင်းမဲ့ ကြာမြင့်စွာရပ်နားထားခြင်းမရှိစေရေး၊ […] The post ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး စီမံဆောင်ရွက် appeared first on Popular .
Go to News Site