Popular Journal
Credit to Popular Journal - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Barnaby Jones တို့ ဇွန် ၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း UNHCR ဝန်ထမ်းများ၏ ပြည်တွင်းခရီးသွားလာမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များအား ကြိုတင်အသိပေးဆောင်ရွက်ရေးနှင့် တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသော NGO နှင့် INGO အဖွဲ့အစည်းများနှင့်သာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် UNHCR အနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် သက်ဆိုင်ရာ အစိုးရဌာနနှင့် အဖွဲ့အစည်းများမှ အတည်ပြုထုတ်ပြန်ထားသော အချက်အလက်များကို အခြေခံအသုံးပြုရန်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UNHCR တို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ The post UNHCR ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသအာဏာပိုင်များအား အသိပေးဆောင်ရွက်ရန် လဝကဝန်ကြီး တိုက်တွန်း appeared first on Popular .
Go to News Site