Collector
ပျဉ်းမနားမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ပြန်လည်ပြုပြင်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ရန်ပုံငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်မည် | Collector
ပျဉ်းမနားမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ပြန်လည်ပြုပြင်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ရန်ပုံငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်မည်
Popular Journal

ပျဉ်းမနားမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ပြန်လည်ပြုပြင်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ရန်ပုံငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်မည်

Credit to Popular Journal - ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ဖြစ်သည့် နှမ်းတောဆည်၊ ကြခတ်ဆည်၊ ဇီးရိုင်းဆည်နှင့် ကျောက်ဆည်တို့အား ပြန်လည်တူးဖော်ပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။ ဇွန် ၅ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးခင်မောင်ဌေး၏ မေးခွန်းကို ဖြေကြားရာ၌ ဒုတိယဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ ဇီးရိုင်းချောင်းပေါ်ရှိ ဇီးရိုင်းဆည်၊ ကျောက်ဆည်ရေလွှဲဆည်နှင့် ကြခတ်ရေလွှဲဆည်တို့တွင် သဲနုန်းတူးဖော်ခြင်း၊ ရေကာပေါင်ပြုပြင်ခြင်းနှင့် ရေပေးမြောင်းများအတွင်း သဲနုန်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။ ယင်းကြောင့် […] The post ပျဉ်းမနားမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ပြန်လည်ပြုပြင်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ရန်ပုံငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်မည် appeared first on Popular .

Go to News Site