Popular Journal
Credit to Popular Journal - မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဘူတာကြီးအဆောက်အအုံအပေါ်မှ ဖြတ်သန်းသွားလာနိုင်သည့် ဂုံးကျော်တံတားကို ဇွန် ၆ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဂုံးကျော်တံတားမှာ နိုင်ငံရေးပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှစ၍ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး (၅)နှစ်နီးပါးအကြာတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဂုံးကျော်တံတားသည် မန္တလေးမြို့ရှိ (၇၈)လမ်းနှင့် (၇၉)လမ်းတို့ကို ဆက်သွယ်ပေးထားသည့် အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် သွားလာရေးပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။ တံတားပြန်လည်ဖွင့်လှစ်ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက ဂုံးကျော်တံတား၏ ကြံ့ခိုင်မှုနှင့် အသုံးပြုနိုင်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။ The post (၅)နှစ်နီးပါး ပိတ်ထားခဲ့သည့် မန္တလေးဘူတာကြီး ဂုံးကျော်တံတား ပြန်လည်ဖွင့်လှစ် appeared first on Popular .
Go to News Site