Khit Thit Media
ရန်ကုန်၊ ဇွန် ၆ အမေရိကန်ပြည်ထောင်စုသို့ တရားဝင်ရွှေ့ပြောင်းအခြေချမည့်သူများအပေါ် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ချမှတ်ထားသည့် ပိတ်ပင်ကန့်သတ်ချက်များကို အမေရိကန်ဖက်ဒရယ်တရားသူကြီးတစ်ဦးက ကန့်ကွက်ပယ်ဖျက်လိုက်သည်။ အမေရိကန်အစိုးရ၏ ယင်းကန့်သတ်ချက်များသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ဝါရှင်တန်ဒီစီတွင် ဖြစ်ပွားခဲ့သည့် အာဖဂန်ရွှေ့ပြောင်းဒုက္ခသည်တစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမေရိကန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် (National Guard) တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကို အကြောင်းပြ၍ ထရမ့်အစိုးရသည် မြန်မာနိုင်ငံအပါအဝင် အာဖရိက၊ အာရှ၊ လက် တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံပေါင်း ၃၉ နိုင်ငံမှ ရွှေ့ပြောင်းလာသူများ၏ ခိုလှုံခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ကတ် (Work Permit)၊ ဂရင်းကတ် (Green Card) နှင့် နိုင်ငံသားလျှောက်ထားမှုများကို ဆိုင်းငံ့ပိတ်ပင်ခဲ့သည်။ […] The post အမေရိကန်တွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ တရားဝင်ရွှေ့ပြောင်းအခြေချသူများအပေါ် ထရမ့်အစိုးရ၏ ပိတ်ပင်ကန့်သတ်ချက်များကို အမေရိကန်တရားသူကြီးက ပယ်ဖျက် appeared first on Khit Thit Media .
Go to News Site