Popular Journal
Credit to Popular Journal - ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တရုတ်နှင့် လာအိုနိုင်ငံမှ ကျန်းမာရေးတာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဇွန် ၅ ရက်က ကျင်းပသည့် (၁၀)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယဝန်ကြီး Dr. Yong Zhang နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ်နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါနှင့် အခြားကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Madam Baykham Khattiya ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနများအကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး၊ ဆေးဝါးနှင့် […] The post မြန်မာ-တရုတ်၊ မြန်မာ-လာအို ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး appeared first on Popular .
Go to News Site