Popular Journal
Credit to Popular Journal - AYA Tri-Nation Cup 2026 ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိနိုင်မည့် အခွင့်အရေးနှင့်အတူ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ပွဲစဉ်ကို ဇွန် ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇွန် ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် Mitsuo Kato က “ထိုင်းအသင်းဟာ မြန်မာအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားပါတယ်။ ဒါကြောင့် ဒီပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒါပေမဲ့ အသင်းကို ကောင်းမွန်စွာ ပြင်ဆင်ထားပြီး ကစားသမားတွေလည်း အဆင်သင့်ဖြစ်နေကြပါပြီ။ လာမယ့်ပွဲစဉ်တွေအတွက် အတွေ့အကြုံကောင်းတွေ ရရှိနိုင်ဖို့နဲ့ ရလဒ်ကောင်းတစ်ခု ရယူနိုင်ဖို့ အကောင်းဆုံးကြိုးစားကစားသွားမှာ ဖြစ်ပါတယ်” […] The post ထိုင်းအသင်းနှင့် ပွဲစဉ်အား အကောင်းဆုံးကြိုးစားကစားသွားမည်ဟု မြန်မာအမျိုးသမီးအသင်း ပြောကြား appeared first on Popular .
Go to News Site