Collector
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စမ်းချောင်းမြို့နယ်၌ သစ်ပင်လဲကျမှုဖြစ်ပွား | Collector
Popular Journal

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စမ်းချောင်းမြို့နယ်၌ သစ်ပင်လဲကျမှုဖြစ်ပွား

Credit to Popular Journal - ရန်ကုန်မြို့တွင် ယနေ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်၊ ဓမ္မစေတီလမ်းနှင့် ဓမ္မာရုံလမ်းထောင့်၌ သစ်ပင်တစ်ပင် လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၈ ရက်အထိ ခန့်မှန်းချက်အရ မုတ်သုံလေနှင့် မိုးတိမ်တောင်များ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း မိုးသည်းထန်စွာရွာသွန်းချိန်များတွင် သစ်ပင်ကြီးများအနီး သွားလာနေထိုင်ခြင်းကို သတိပြုကြရန်နှင့် လေပြင်းတိုက်ခတ်မှု၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် အခြေအနေများကို […] The post မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စမ်းချောင်းမြို့နယ်၌ သစ်ပင်လဲကျမှုဖြစ်ပွား appeared first on Popular .

Go to News Site