Popular Journal
Credit to Popular Journal - ရုရှားနိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်း မလေးရှား၊ အင်ဒိုနီးရှားနဲ့ ကူဝိတ်နိုင်ငံသားတွေအတွက် ဗီဇာလိုမယ့် သတ်မှတ်ချက်တွေကို ပယ်ဖျ-က်ပေးဖို့ ရည်မှန်းထားတယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာန ညွှန်ကြားရေးမှူး နီကီတာ ကွန်ဒရက်တီးယက်ဗ် (Nikita Kondratyev) က စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) ရဲ့ ခေတ္တနားချိန်မှာ TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ “မလေးရှားနဲ့ အင်ဒိုနီးရှားကတော့ ဒီနှစ်အတွက် အဓိက ဦးစားပေးတွေပါ။ ကူဝိတ်နိုင်ငံကိုလည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒီနိုင်ငံသုံးနိုင်ငံကတော့ ဒီနှစ်ထဲမှာ ဆွေးနွေးညှိနှိုင်းမှုအပိုင်းတွေကို အပြီးသတ်ချင်တဲ့ နိုင်ငံတွေဖြစ်ပါတယ်” လို့ ကွန်ဒရက်တီးယက်ဗ်က အင်တာဗျူးတစ်ခုမှာ ပြောသွားတာပါ။ ဒါ့အပြင် သက်ဆိုင်ရာ သဘောတူညီချက်တွေကို အချောသတ်ပြီး ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းစဉ်တွေကို ပိုပြီးအရှိန်မြှင့်လုပ်ဆောင်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဌာနအကြီးအကဲက ဖြည့်စွက်ပြောခဲ့ပါတယ်။ […] The post ၂၀၂၆ ခုနှစ်အတွင်းမှာ နိုင်ငံသုံးနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ ရုရှားစီစဉ်နေ appeared first on Popular .
Go to News Site