Popular Journal
Credit to Popular Journal - မန္တလေး-ရန်ကုန် အမြန်ရထားတစ်စင်းသည် ဇွန်လ ၆ ရက်က ပဲခူးမြို့မရောက်မီ နေရာတစ်ခုတွင် လူငယ်တစ်စု၏ ခဲဖြင့်ပ-စ်ပေါက်ခြင်းကို ခံခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ ခဲဖြင့်ပ-စ်ပေါက်ခံရမှုကြောင့် ရထား၏ မှန်အချို့ ပျ-က်စီးခဲ့ပြီး ခရီးသည်များအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “ဖြစ်စဉ်က မှန်ပါတယ်။ ခဲနဲ့ပစ်တဲ့သူတွေထဲက လူငယ်တစ်ဦးကို ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေးနေပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရထားတာဝန်ရှိသူများက ရထားကို နောက်ပြန်ဆုတ်၍ ပ-စ်ပေါက်သူများအား လိုက်လံရှာဖွေခဲ့ရာ လူငယ်များမှာ ထွက်ပြေးသွားခဲ့ကြပြီး တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသူအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ The post မန္တလေး-ရန်ကုန် အမြန်ရထား ခဲပ-စ်ခံရ၍ မှန်များပျ-က်စီး၊ လူငယ်တစ်ဦး ဖမ်းဆီးရမိထား appeared first on Popular .
Go to News Site