Popular Journal
Credit to Popular Journal - ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မြင်သာ(၁)လမ်းရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လိုက်နေစဉ် သားဖြစ်သူက ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကယ်ဆယ်စဉ် ဓာတ်လိုက်ဒဏ်ရာရရှိခဲ့သဖြင့် မိခင်ဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး သားဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အပြီးတွင် သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက သင်္ဃန်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် သားဖြစ်သူအား ဓမ္မစိန်ရောင် လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။ Photo-မေတ္တာသီတာရေစင်အသင်း The post ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း မိခင်သေဆုံး၊ သားဖြစ်သူ ဒဏ်ရာရမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား appeared first on Popular .
Go to News Site