Popular Journal
Credit to Popular Journal - မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်မည့် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဇူလိုင် ၆ ရက်မှ စတင်ကာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာသင်တန်းကျောင်းဝင်း၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်နှစ်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းတက်ရောက်ခွင့်ရရှိသူများအား အခြေခံသင်ခန်းစာများ၊ ရုပ်စုံဖန်တီးရေးဆိုင်ရာ နည်းပညာများနှင့် လုပ်ငန်းခွင်လေ့လာရေးအစီအစဉ်များကို အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်သည်။ သင်တန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားသူများသည် အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းရှိသူဖြစ်ရမည်ဖြစ်ပြီး ရုပ်သေးအနုပညာကို စိတ်ဝင်စားသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ လက်နှင့် မျက်စိအသုံးပြုရာတွင် အဆင်ပြေသူ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး သင်တန်းပြီးဆုံးသည်အထိ […] The post ရုပ်သေးရုပ်ပြုလုပ်ခြင်းအတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူ appeared first on Popular .
Go to News Site