Popular Journal
Credit to Popular Journal - ကရင်ပြည်နယ်၏ ကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်းဖြစ်သည့် ဇွဲကပင်ယူနိုက်တက်အသင်းသည် ၂၀၂၆ ခုနှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲရာသီအတွက် လေ့ကျင့်ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အသင်းထံမှ သိရသည်။ အသင်းသည် ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် ကာလအတန်ကြာ အသုံးပြုနိုင်ခြင်းမရှိခဲ့သည့် ၎င်းတို့၏ အိမ်ကွင်းဟောင်းဖြစ်သော နဝဒေးအားကစားကွင်းတွင် လေ့ကျင့်ရေးအစီအစဉ်များကို ပြန်လည်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် နဝဒေးအားကစားကွင်း၏ ပွဲကြည့်စင်များကို ခေတ်မီဒီဇိုင်းနှင့် အရောင်အသွေးများဖြင့် ပြင်ဆင်ထားပြီး နိုင်ငံတကာဘောလုံးကွင်းများ၏ အပြင်အဆင်ပုံစံကို အခြေခံတည်ဆောက်ထားသည်ကို တွေ့ရသည်။ ဒေသခံဘောလုံးပရိသတ်များကလည်း နဝဒေးအားကစားကွင်း အမြန်ဆုံးပြီးစီးကာ ကရင်ပြည်နယ်၏ ဂုဏ်ဆောင်အသင်းဖြစ်သည့် ဇွဲကပင်ယူနိုက်တက် အမျိုးသမီးအသင်း၏ အိမ်ကွင်းပွဲစဉ်များကို စည်ကားစွာ ပြန်လည်လက်ခံကျင်းပနိုင်ရန် မျှော်လင့်နေကြကြောင်း သိရသည်။ The post အမျိုးသမီးဘောလုံးရာသီသစ်အတွက် ဇွဲကပင်ယူနိုက်တက် အသင်း စတင်ပြင်ဆင် appeared first on Popular .
Go to News Site