Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ပူးပေါင်းကြီးမှူးကျင်းပသည့် ၂၀၂၆-၂၇ ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲကြီးကို လာမည့် ဇွန်လ (၁၅) ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ကြောင်း နေရှင်နယ်လိဂ် ကော်မတီထံက သိရသည်။ ယခုနှစ်တွင် ထူးခြားချက်အနေဖြင့် ရတနာပုံအက်ဖ်စီနှင့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီအသင်းသစ် (၂) သင်း ထပ်မံတိုးချဲ့ပါဝင်လာကာ စုစုပေါင်း ကလပ်အသင်း (၁၀) သင်း အထိ အင်အားတောင့်တင်းစွာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများအဖြစ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီ၊ အအောင်မြင်ဆုံးအသင်းများဖြစ်သည့် I.S.P.E အက်ဖ်စီနှင့် မြဝတီအက်ဖ်စီတို့အပြင် သစ္စာအားမာန်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ Young Lionesses၊ ရန်ကုန်စီးတီးနှင့် အသင်းသစ်နှစ်သင်းတို့ ပါဝင်ကြမည် ဖြစ်သည်။ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁) ၊ ရန်ကုန်ယူနိုက်တက်ကွင်း (Y.U.S.C) […] The post အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆-၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် ဇွန်လ ၁၅ ရက်တွင် စတင်မည် appeared first on Popular .
Go to News Site