Popular Journal
Credit to Popular Journal - ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးစီမံကိန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးရထားပို့ဆောင်ရေးနှင့် အားကစားအခြေခံအဆောက်အအုံများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုအတွင်း နိုင်ငံတော်သမ္မတသည် နေပြည်တော်–တောင်ငူ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားမှုများ၊ မီးရထားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဘူတာဝင်ထွက်နေရာများကို စနစ်တကျ စီမံခန့်ခွဲထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။ ယင်းနောက် မီးရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ လမ်းပိုင်းများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်၊ အသုံးမပြုသည့် မီးရထားသံလမ်းများကိုလည်း ထိန်းသိမ်းထားရှိရန်နှင့် ရထားသွားလာရေးစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည့် မီးရထားလမ်းများ အရည်အသွေးကောင်းမွန်စေရေး အထူးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့ပြင် တောင်ငူမြို့ရှောင် မီးရထားလမ်းစီမံကိန်းနှင့် တောင်ငူဘူတာအသစ် တည်ဆောက်မည့်နေရာများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ရထားလမ်းဖောက်လုပ်ရာတွင် ရေစီးရေလာစနစ်ကောင်းမွန်ရေး၊ […] The post တောင်ငူမြို့ ဖွံ့ဖြိုးရေးစီမံကိန်းများ ကြည့်ရှုစစ်ဆေးသည့် နိုင်ငံတော်သမ္မတ၊ မီးရထားနှင့် အားကစားအခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေး အလေးထားမှာကြား appeared first on Popular .
Go to News Site