Collector
ပုသိမ်မြို့၌ ဧရာဝတီအခြေစိုက်အမျိုးသားနှင့် အမျိုးသမီးကလပ် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြဆွေးနွေး | Collector
ပုသိမ်မြို့၌ ဧရာဝတီအခြေစိုက်အမျိုးသားနှင့် အမျိုးသမီးကလပ် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြဆွေးနွေး
Popular Journal

ပုသိမ်မြို့၌ ဧရာဝတီအခြေစိုက်အမျိုးသားနှင့် အမျိုးသမီးကလပ် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြဆွေးနွေး

Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီးကို ကိုယ်စားပြုသည့် ဧရာဝတီယူနိုက်တက် အမျိုးသားအသင်းနှင့် ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းတို့၏ ၂၀၂၆-၂၇ ဘောလုံးရာသီ အိမ်ကွင်းပွဲစဉ်များကို ပုသိမ်မြို့၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းနှင့် ကလပ်အ သင်းကိုယ်စားလှယ်များအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်ထံ သွားရောက်တွေ့ဆုံ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံမှုအတွင်း လာမည့်ရာသီတွင် ဒေသခံမိဘပြည်သူများ မိမိတို့ဒေသကွင်းအတွင်း ဘောလုံးပွဲစဉ်များကို အနီးကပ်ကြည့်ရှုအားပေးနိုင်ရေး၊ အိမ်ကွင်းပြိုင်ပွဲများ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးနှင့် တိုင်းဒေသကြီးအတွင်း ဘောလုံးအားကစားကဏ္ဍတိုးတက်လာစေရေးတို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌမှ ပေးအပ်လှူဒါန်းသည့် ဘောလုံးအလုံး (၅၀၀) ကိုလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကာ ယခုနှစ် ဘောလုံးရာသီတွင်ဧရာဝတီယူနိုက်တက် အမျိုးသားအသင်းသည် ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၌ မြန်မာနေရှင်နယ်လိဂ် အိမ်ကွင်းပွဲစဉ်များကို လက်ခံကျင်းပသွားမည်ဖြစ်ပြီး၊ လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းကမူ […] The post ပုသိမ်မြို့၌ ဧရာဝတီအခြေစိုက်အမျိုးသားနှင့် အမျိုးသမီးကလပ် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြဆွေးနွေး appeared first on Popular .

Go to News Site