Collector
အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပါရှန်းပင်လယ်ကွေ့ မဟာမိတ်တွေဆီ အမေရိကန် လွှဲပေးမယ် | Collector
အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပါရှန်းပင်လယ်ကွေ့ မဟာမိတ်တွေဆီ အမေရိကန် လွှဲပေးမယ်
Popular Journal

အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပါရှန်းပင်လယ်ကွေ့ မဟာမိတ်တွေဆီ အမေရိကန် လွှဲပေးမယ်

Credit to Popular Journal - အီရန်ကြောင့် ဖြစ်လာမယ့် ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးအဖြစ် အမေရိကန်မှာ ရှိနေတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပါရှန်းပင်လယ်ကွေ့က အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ သုံးစွဲခွင့်ရအောင် လုပ်ပေးဖို့ အမေရိကန်အစိုးရကစီစဉ်နေကြောင်း သိရပါတယ်။ “နောင်ခါမှာ အီရန်ကြောင့် ဖြစ်လာနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ပြင်ဆင် တည်ဆောက်နိုင်ဖို့အတွက် အမေရိကန်က အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံတွေဆီ လွှဲပေးသွားမှာပါ” လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါတင်မကသေးပါဘူး၊ အရင်တုန်းက ဖြစ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက်ပါ ဒီအီရန်ပိုင်ဆိုင်မှုတွေကို သုံးပြီး လျော်ကြေးပေးဖို့ အမေရိကန်က စဉ်းစားနေတာပါ။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့်တ်ကလည်း အီရန်ကြောင့် ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံတွေမှာ အရင်ကတည်းက ဘယ်လောက်အထိ ပျက်စီးဆုံးရှုံးခဲ့လဲဆိုတဲ့ ကုန်ကျစရိတ်တွေကို စိစစ်တွက်ချက်ဖို့ အဖွဲ့တစ်ဖွဲ့ကို အမိန့်ပေး တာဝန်ချထားတယ်လို့လဲ သိရပါတယ်။ The post အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပါရှန်းပင်လယ်ကွေ့ မဟာမိတ်တွေဆီ အမေရိကန် လွှဲပေးမယ် appeared first on Popular .

Go to News Site