Popular Journal
Credit to Popular Journal - ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Telematic Solution Co., Ltd. ၏ Smart Meter ထုတ်လုပ်ရေးစက်ရုံသည် မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံရန်အစီအစဥ်ရှိနေကြောင်း သိရသည်။ အဆိုပါ စက်ရုံတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား ရုရှားနိုင်ငံတွင်ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ဇွန် ၇ ရက်တွင်ကြည့်ရှုလေ့လာခဲ့ပြီးနောက် ကိုယ်ပိုင်အဆင့်မြင့်နည်းပညာသုံးတပ်ဆင်ထုတ်လုပ်ထားသည့် Smart Meter စနစ်ကို မြန်မာနိုင်ငံ၌ လက်ရှိအသုံးပြုနေသည့်စနစ်တွင်ပေါင်းစပ်အဆင့်မြှင့်တင်ရာ၌ လာရောက်ရင်း နှီးမြှုပ်နှံလိုခြင်းကိုကြိုဆိုကာ နည်းပညာဆိုင်ရာပူး ပေါင်းဆောင်ရွက်ခြင်းများပြုလုပ်လိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ညနေပိုင်း၌ ပြည်ထောင်စုဝန်ကြီးအား Inter Rao Co., Ltd. မှတာဝန်ရှိသူများက လာရောက်တွေ့ဆုံ ၍ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ထုတ်လုပ်သည့် တာဘိုင်များအား စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ပြန် လည်ပြုပြင်နိုင်သည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင် ပြခဲ့ကြောင်း သိရသည်။ ထို့နောက် သဘာဝဓာတ်ငွေ့လေလွင့်ဆုံးရှုံးမှုများလျှော့ ချနိုင်ရန် တာဘိုင်များအားပြုပြင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ […] The post ရုရှားနိုင်ငံ၏ Smart Meter ထုတ်လုပ်သည့်စက်ရုံ မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံရန်အစီအစဥ်ရှိ appeared first on Popular .
Go to News Site