Popular Journal
Credit to Popular Journal - မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ဖိနပ်ဂိုဒေါင်တစ်လုံးတွင် ဇွန် ၇ ရက်ည ၁၀ နာရီခွဲကျော်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင်ရပ်ကွက်၊ ၇၈ လမ်း၊ ဦးပွားဂုန်းကျော်တံတားအရှ့ဘက် လမ်းသွယ် (၄)ရှိ ဖိနပ်ဂိုဒေါင်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ မီး သတ်တပ်ဖွဲ့ဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြရာ ည ၁၁ နာရီကျော်ခန့်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။ Photo- Ko Than Htay The post မန္တလေး ချမ်းမြသာစည်ရှိ ဖိနပ်ဂိုဒေါင်တွင် မီးလောင်မှုဖြစ် appeared first on Popular .
Go to News Site