Popular Journal
Credit to Popular Journal - ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် သုံးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဖီဖာအဆင့် (FIFA Ranking) မြှင့်တင်နိုင်ရေးနှင့် အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲများအတွက် အလွန်အရေးကြီးသဖြင့် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့်ပွဲစဉ်ကို အထူးအာရုံစိုက် ကစားသွားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောကြားလိုက်သည်။ ဇွန်လ ၈ ရက် (ယနေ့) တွင် ပြုလုပ်ခဲ့သည့် မြန်မာ-ဖိလစ်ပိုင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ကစားသမားများအနေဖြင့် မိမိကိုယ်ကို သက်သေပြရန် အခွင့်အရေးများစွာ ရှိနေကြောင်းလည်း ဆိုသည်။ ပွဲကြီးပွဲကောင်း ဖြစ်လာမည့် မြန်မာနှင့် ဖိလစ်ပိုင် မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့် အိမ်ရှင်ဖိလစ်ပိုင်အသင်းသည် ဥရောပလိဂ်များတွင် သွားရောက်ကစားနေသည့် ကစားသမားများအပြင် နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရင့် ကစားသမားများကိုပါ အင်အားဖြည့်တင်းထားသဖြင့် အာဆီယံချန်ပီယံရှစ်နှင့် အာရှဖလားပွဲစဉ်များအတွက် သေချာပြင်ဆင်လာမည့် အသင်းကြီးတစ်သင်းဖြစ်သည်။ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၏ […] The post ဂူအမ်ကို ဂိုးပြတ်နိုင်ခဲ့သည့် မြန်မာအသင်း ဖိလစ်ပိုင်နှင့် ဆက်လက်ရင်ဆိုင်ရမည်၊ ဖီဖာအဆင့်နှင့် အာဆီယံချန်ပီယံရှစ်အတွက် အာရုံစိုက်ကစားမည်ဟု နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ပြော appeared first on Popular .
Go to News Site